Pages

Thursday, February 11, 2010

မည်သူသည် မိမိနှင့် အသင့်လျော်ဆုံးဖြစ်သနည်း

မည်သူသည် မိမိနှင့် အသင့်လျော်ဆုံးဖြစ်သနည်း

1.
ရုပ်ရည် - အလှအပနှင့် ပတ်သက်သည့် အယူအဆသည် တစ်ခေတ်နှင့်တစ်ခေတ် ပြောင်းလဲနေပေရာ အားလုံးအတွက် ထာဝစဉ်လှပနေသူဟူ၍ ရှိနိုင်လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် ကြင်ဖက်ရွေးချယ်ရာတွင် ရုပ်ရည်သည် အဓိက အချက်မဟုတ်ဟု ဆိုရခြင်း ဖြစ်ပေသည်။ မိမိလက်ခံနိုင်သည့် ရုပ်ရည်ရှိလျှင် လုံလောက်ပြီး ဖြစ်သည်။

2.
အသက် - တစ်ဦးက မိတ်ဆွေအပေါင်းအသင်းကို တန်ဖိုးထားပြီး ကျန်တစ်ဦးက အလေးမထားသူ ဖြစ်နိုင်သည်။ တစ်ဦးက ဘာသာရေးကို လေးစားပြီး ကျန်တစ်ဦးက အလေမထားသူ ဖြစ်နိုင်သည်။ ဤကဲ့သို့ သဘောထားနှင့် တန်ဖိုးထားမှုများ ကွဲလွဲနေကြလျှင် အိမ်ထောင်ရေးသာယာမှုကို တစ်ချိန်မဟုတ် တစ်ချိန် ထိခိုက်လာမည်မှာ သေချာလှပေ၏။ ထို့ကြောင့် သာယာသော အိမ်ထောင်ရေး ဖြစ်လာစေရန် ကြင်ဖက်နှစ်ဦးတို့၏ အသက် များသည် ကွာခြားလွန်းမှု မဖြစ်သင့်ပေ။ မတိမ်းမယိမ်းသာ ရှိသင့်ပေ၏။

3.
ပညာရေး - ယေဘုယျအားဖြင့် မိမိနှင့် အလှမ်းမကွာလွန်း သူသာလျှင် အသင့်လျှော်ဆုံး ဖြစ်ပေမည်။ ပညာရေး အဆင့်အတန်းကွာခြားမှုကြောင့် သဘောထားနှင့် တန်ဖိုးထားမှု များလည်း ကွာခြားနိုင်ပေရာ အိမ်ထောင်ရေးညှိယူမှုတွင် ထိုအချက်က အနှောက်အယှက် ပေးလာမည် ဖြစ်ပေ၏။ ကြင်ဖက်ရွေးချယ်ရာတွင် မိမိနှင့် ပညာရေး အဆင့်အတန်း မကွာလွန်းသူကို ရွေးချယ်ခြင်းဖြင့် သဘောထား မတိုက်ဆိုင်မှုကြောင့် ဖြစ်ပေါ်လာသည့် စိတ်အနှောက်အယှက်များကို လျော့နည်းစေမည် ဖြစ်သည်။

4.
မိသားစု အခြေအနေ - ကြင်ဖက်ရွေးချယ်ရာတွင် ချစ်သူများ၏ မိသားစုအခြေအနေသည် လည်း အရေးပါသည့် အချက်တစ်ချက် ဖြစ်ပေ၏။ လူတို့၏သဘောထား၊ စိတ်ဝင်စားမှုနှင့် တန်ဖိုးထားမှုများသည် သူတို့ဖြတ်သန်းလာခဲ့သည့် ဘ၀အတွေ့အကြုံများအရ ခြားနားမှုရှိနိုင် ရာ မိသားစုချင်း ခြားနားလေလေ၊ သဘောထားချင်း ကွဲလေလေ ဖြစ်ပေမည်။ ထိုအခါ ခင်ပွန်းနှင့် ဇနီးတို့၏ အိမ်ထောင်ရေး ညှိယူမှုသည် အခက်အခဲရှိလာမည် ဖြစ်ပေသည်။ ယေဘုယျအားဖြင့် ပညာတတ်မိသားစု၏ သဘောထားသည် ငွေကြေးချမ်းသာသူတို့၏ သဘောထားနှင့် တူညီမည် မဟုတ်ပေ။ ထိုနည်းတူ သူတို့၏ဘ၀အမြင်များသည်လည်း အခြေခံအားဖြင့် တူညီကြသည် မဟုတ်ပေ။ ထို့ကြောင့် ကြင်ဖက်ရွေးချယ်ရာတွင် မိမိ၏ မိသားစုနှင့် အခြေခံအားဖြင့် တူညီသည့် မိသားစုအတွင်းမှ ချစ်သူကိုသာ ရွေးချယ်သင့်ပေ၏။

5.
ကျန်းမာရေး - မကျန်းမာသူနှင့် အိမ်ထောင်ပြုမိပါက တစ်သက်လုံး စိတ်ဆင်းရဲမှုနှင့် ကြုံတွေ့ နေရမည် ဖြစ်ပေသည်။ အခြားအခြေအနေများ ကောင်းမွန်နေသောကြောင့် ဤအချက်ကို လျော့ပေါ့၍ လက်ခံလိုက်ပါက ဘ၀တစ်လျှောက်လုံး စိတ်မချမ်းသာမှုများနှင့် ရင်ဆိုင်သွား ကြရတတ်သည်။ အချို့သော စိတ္တဇရောဂါတို့မှာ မျိုးရိုးလိုက်ကြပြီး ဖြစ်တတ်ရာ ချစ်သူ၏ မိသားစုနှင့် ရင်းချာသော မွေးချင်းများတွင် ထိုရောဂါမျိုး ရှိ၊ မရှိ ကိုလည်း လေ့လာထား သင့်ပေသည်။

6.
ဥာဏ်ရည် - ဥာဏ်ရည်ဟူသည် ဗီဇနှင့်ပတ်ဝန်းကျင်ဟူသည့် အခြေခံအချက်ကြီး နှစ်ရပ်ပေါ် တွင် တည်မှီနေပေရာ သားသမီးများ ဥာဏ်ကောင်း၊ မကောင်းဟူသည် မိဘတို့၏ ဥာဏ်ရည်ကောင်း၊ မကောင်းပေါ်တွင် တစ်စိတ်တစ်ဒေသအားဖြင့် တည်မှီနေသည်။ ထို့ကြောင့် မိမိနှင့် လက်ထပ်မည့်သူ၏ ဥာဏ်ရည်ကိုလည်း ထည့်သွင်းစဉ်းစားသင့်ပေ၏။ ဇနီးနှင့် ခင်ပွန်းတို့၏ ဥာဏ်ရည်ခြင်း ခြားနားလွန်းလျှင် သူတို့၏သဘောထား၊ စိတ်ဝင်စား မှုနှင့် တန်ဖိုးထားမှုများလည်း ကွဲပြားသွားနိုင်ရာ ထိုအချက်ကြောင့် အိမ်ထောင်ရေး ညှိယူမှု တွင် အထစ်အငေါ့များ ကြုံတွေ့လာနိုင်ပေသည်။ ထို့ကြောင့် ကြင်ဖက်ရွေးချယ်ရာတွင် မိမိနှင့် ကွာခြားလွန်းမှု မရှိသူကိုသာ ရွေးချယ်သင့်ပေသည်။

7.
အလုပ်အကိုင် - မိသားစုချင်း ခွဲခွာနေကြရပါက သားသမီးထိန်းကျောင်းမှုတွင် ပြဿနာ ၀င်လာနိုင်သည်။ ကလေးများသည် မိခင်နှင့်အတူ နေထိုင်ကြရပြီး၊ ဖခင်က တစ်မြို့တစ်ရွာ တွင် နေထိုင်ရပါက သားသမီးများကို စည်းကမ်းပေးမှု၊ သင်ကြားမှု စသည်တို့တွင် လျော့ရဲမှု ရှိနေနိုင်၏။ ဤအချက်များသည် အလှမ်းဝေးသည့် အချက်များ ဖြစ်သော်လည်း မလွဲမသွေ ကြုံတွေ့ရမည် ဖြစ်သဖြင့် ကြိုတင်စဉ်းစား ထားသင့်ပေသည်။

8.
ဘာသာရေး - တစ်ဦးနှင့်တစ်ဦး ဘာသာရေး ယုံကြည်မှု ကွဲလွဲနေသည့် အချက်ကလည်း အိမ်ထောင်ရေး သာယာမှုကို ထိပါးလာနိုင်သည်။ ယုံကြည်မှုခြင်း မတူညီမှုကြောင့် ဓလေ့ထုံးစံ သဘောထား စသည်တို့တွင် ကွဲပြားသွားနိုင်သည်။ ဇနီးနှင့် ခင်ပွန်းတို့တွင် ပြဿနာမပေါ်ခဲ့ လျှင်လည်း သားသမီးများ ပေါက်ဖွားလာသောအခါ ပြဿနာ ပေါ်ပေါက်လာတတ်သည်။ မိမိတို့၏ ရင်သွေးငယ်ကို မည်သည့်ဘာသာအား ကိုးကွယ်စေမည်နည်း။ မိဘများအနေနှင့် အရေးမထားသော်လည်း နှစ်ဖက်မိဘများ၏ လွန်ဆွဲမှုကြောင့် ပြဿနာပေါ်ပေါက် လာတတ် သည်။ ထို့ကြောင့် ကြင်ဖက်ရွေးချယ်ရာတွင် ဘာသာရေးကိုလည်း ထည့်သွင်းစဉ်းစား သင့်ပေ၏။

9.
ကိုယ်ရည်ကိုယ်သွေး - ကမ္ဘာပေါ်ရှိ လူသားများသည် အမွေဆက်ခံခဲ့သည့် ဗီဇနှင့် ဖြတ်သန်း လာသည့်ပတ်ဝန်းကျင်တို့ မတူညီကြသောကြောင့် ကိုယ်ရည်ကိုယ်သွေးသည်လည်း တစ်ဦး နှင့်တစ်ဦး မည်သည့် နည်းနှင့်မျှ တူညီကြသည် မဟုတ်ပေ။ ထို့ကြောင့် ကြင်ဖက်ရွေးချယ် ရာတွင် မိမိချစ်သူ၏ ကိုယ်ရည်ကိုယ်သွေးကို ထည့်သွင်းစဉ်းစားနိုင်ရန် လိုအပ်ပေသည်။ အဘယ့်ကြောင့်ဆိုသော် ဇနီးနှင့်ခင်ပွန်းဖြစ်သူတို့တွင် ခြားနားလွန်းသော ကိုယ်ရည်ကိုယ်သွေး ရှိနေပါက ညှိယူမှုတွင် အခက်အခဲ တွေ့လာနိုင်သောကြောင့် ဖြစ်ပေ၏။ အတွင်းစွဲ နှင့် အပြင်စွဲ ဟူ၍ ကိုယ်ရည်ကိုယ်သွေး အင်္ဂါရပ်နှစ်ခုရှိရာ မိမိက အတွင်းစွဲသူဖြစ်ပြီး၊ ချစ်သူက အပြင်စွဲသူ ဖြစ်နေပါက ညှိယူမှုတွင် ပြဿနာ ပေါ်ပေါက်လာနိုင်သည်။ လွှမ်းမိုးလိုသူနှင့် အညံ့ခံလိုသူဟူ၍ ကိုယ်ရည်ကိုယ်သွေး အင်္ဂါရပ်များရှိရာ တစ်ဦးက လွှမ်းမိုးလိုပြီး၊ ကျန်တစ်ဦးက အညံ့ခံလိုစိတ် ရှိနေပါက လိုက်ဖက်ညီသည့် အတွဲတစ်တွဲ ဖြစ်လာနိုင်သည်။ စံပြကိုယ်ရည်ကိုယ်သွေးချင်း လိုက်ဖက်မညီမှုကြောင့် ပြဿနာ ဖြစ်လာနိုင်သလို၊ တစ်ဦးဦးတွင် နယူရိုးတစ် ကိုယ်ရည် ကိုယ်သွေး ရှိနေပါက အခက်အခဲ ကြုံတွေ့ ကြတတ်သည်။

10.
ချစ်သူ၏ ဆွေမျိုးများ - ကြင်ဖက်ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားသင့်သည့် အချက်တစ် ချက်မှာ ဆွေမျိုးသားချင်း ပြဿနာ ဖြစ်၏။ သို့မဟုတ်ပါက ဆွေမျိုးများနှင့် ဆက်ဆံရေး အဆင်မပြေမှုကြောင့် အိမ်ထောင်ရေး သာယာမှုကို ထိပါးလာနိုင်ပေသည်။ တစ်ခါတစ်ရံ ယောက္ခမများသာမက အခြားဆွေမျိုးများလည်း ပါလာနိုင်သည်။ ဤဓလေ့ ထုံးစံကို ကျွနိုပ်တို့ ပယ်ဖျက်၍ မရနိုင်ပေရာ အလိုက်သင့် ဆက်ဆံသွားတတ်ရန် လိုအပ်ပေသည်။ သို့မဟုတ်ပါက ``ပြည်ပန်းညို ချိုပါလျက်၊ ဆားကဖျက်´´ ဟူသကဲ့သို့ ဆွေမျိုးသားချင်း ပြဿနာကြောင့် အိမ်ထောင်ရေးသာယာမှုမှာ ပျက်ဆီးသွားနိုင်ပေ၏။

11.
ခင်မောင်သန်း (စိတ်ပညာ)၏ ``အိမ်ထောင်ဖက် ရွေးချယ်မှုနှင့် စိတ်ပညာအမြင်´´ စာအုပ်မှ ကောက်နုတ် ဖော်ပြလိုက်ပါတယ်။
မှတ်ချက်။ ။လူတိုင်းလူတိုင်း ဒီလို အခြေခံအချက်လေးတွေ ကြိုသိထားတဲ့အတွက် အမှားမပါအောင် ထိန်းချုပ်နိုင်တဲ့အပြင် တစ်ယောက်နဲ့တစ်ယောက် ညှိယူမှုတွေကိုလည်း လွယ်ကူစေ နိုင်ပါတယ်။ တစ်ကယ်အဓိက ကျတာကတော့ တစ်ယောက်နဲ့တစ်ယောက် အပေါ်ကို မေတ္တာစစ်၊ မေတ္တာမှန်နဲ့ ချစ်နိုင်ပြီး စစ်မှန်တဲ့ စေတနာ ထားရှိမှသာလျှင် အောင်မြင် ပျော်ရွှင်တဲ့ အိမ်ထောင်ရေးဘ၀ကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

ချစ်သူများနေ့

နိုင်ငံရေး အထိမ်းအမှတ် နေ့များထက် ချစ်သူများနေ့က ပိုရေပန်းစား


မြန်မာနိုင်ငံ၏ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း၏ မွေးနေ့ကိုကျော်ပြီး ချစ်သူများနေ့ (Valentine's day) ကို ပြည်တွင်း ပြည်ပရှိ မြန်မာလူငယ် အများစုက စိတ်ဝင်တစား စောင့်မျှော်နေ ကြသည်။

“ကျမကတော့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ valentine's day ပဲသိတယ်။ ဒါပေမယ့် သူငယ်ချင်း တယောက် ဆီကနေ သိရတာကတော့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့လို့ ပြောတယ်။ ငယ်ငယ် တုန်းကတော့ ဒီအကြောင်းတွေကို သင်ဖူးတယ်။ အခု မမှတ်မိတော့ဘူး” ဟု ချင်းမိုင်မြို့တွင် ကျောင်းတက် နေသော နန်းထွေးခမ်းက ဧရာဝတီသို့ ပြောသည်။

မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ဗိုလ်ချုပ်အောင်ဆန်း မွေနေ့ကို ကလေးများနေ့ အဖြစ်သတ်မှတ် ခဲ့ကြသော်လည်း ယခုအခါ ကလေးများနေ့ အခမ်းအနားကျင်းပ ပြုလုပ်ခြင်းများကို မတွေ့ရကြောင်း ရန်ကုန်မြို့ခံ လူငယ်တချို့က ပြောသည်။

“ကလေးများနေ့ကိုတော့ ကြားဖူးတယ်။ ဒါပေမယ့် ဘယ်သူတွေ ဘာလုပ်ကြလည်း ဆိုတာကိုတော့ တခါမှ တွေ့ဖူးဘူးဟု” ဟု စမ်းချောင်း မြို့နယ်မှ တက္ကသိုလ် ကျောင်းသူ တဦးက ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်းကို ၁၉၁၅ခုနှစ် ဖေဖော်ဝါရီလ ၁၃ရက်နေ့ ၌ မကွေးတိုင်း၊ နတ်မောက်မြို့တွင် မွေးဖွားခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ ငယ်နာမည်မှာ မောင်ထိန်လင်းဖြစ်ပြီး နယ်ချဲ့ ကိုလိုနီ နှင့် ဖက်ဆစ်ဂျပန် တို့၏ လက်အောက်မှ မြန်မာနိုင်ငံ လွတ်လပ်ရေး အတွက် ဦးဆောင် တိုက်ပွဲဝင်ခဲ့သူဖြစ်သည်။

“ဖေဖော်ဝါရီ ၁၄ရက်နေ့က ချစ်သူများနေ့လေ။ ၁၂ရက်နေ့နဲ့ ၁၃ရက်နေ့ကိုတော့ ကျနော် မသိဘူး” ဟု ထိုင်း - မြန်မာနယ်စပ် မဲဆောက်မြို့တွင် အလုပ်လုပ်ကိုင်သော ကိုလာပို ပြောသည်။

“အခုခေတ် လူငယ်တွေ ဗိုလ်ချုပ်ရဲ့ မွေးနေ့ကို မသိကြတာ မထူးဆန်းပါဘူး ။ အစိုးရကိုယ်တိုင်က ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကဏ္ဍကို ဖျောက်ဖျက်ဖို့ ကြိုးစားနေတာဖြစ်တယ်။ ဗိုလ်ချုပ်အောင်ဆန်း လွတ်လပ်ရေးကြိုးပမ်းခဲ့တဲ့ သမိုင်းတွေ ဆိုတာ အပြင်က စာစောင်တွေနဲ့ ကျောင်းသုံးစာအုပ်တွေမှာ မရှိသလောက် ရှားပါးနေတယ်” ဟု ချင်းမိုင်မြို့ရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားကျောင်း တကျောင်းတွင် စာသင်နေသော ဆရာဦးသိန်းဝင်းက ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၇ခုနှစ် ဇူလိုင်လ ၁၉ရက်နေ့ သူ၏ အသက် ၃၂နှစ် အရွယ်တွင် လုပ်ကြံခံရပြီး ကျဆုံးခဲ့သည်။

“အခုလို လူငယ်တွေဟာ ကိုယ့်ရဲ့ အမျိုးသားခေါင်းဆောင်ကြီး အကြောင်းကို သိခွင့်မရတဲ့အတွက် တိုင်းပြည်ရဲ့ အနာဂတ် ကို အများကြီး ထိခိုက်နိုင်တယ်။ ဘယ်တိုင်းပြည်မှာပဲ ဖြစ်ဖြစ် တိုင်းပြည်ရဲ့ အမျိုးသားခေါင်းဆောင်ကြီးတွေ ရဲ့ ကျေးဇူးတရားကို သိတတ်အောင်၊ သူတို့ကို စံထားပြီး အတုယူနိုင်အောင်၊ သူတို့လိုကျင့်ကြံနိုင်အောင် ဒီပုဂ္ဂိုလ်တွေရဲ့ အကြောင်းကို သင်ပေးကြတယ်” ဟု ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်း အစိုးရ အလုပ်သမားရေးရာ ၀န်ကြီး ဦးခွန်မြင့်ထွန်းကပြောသည်။

ယနေ့ခေတ် မြန်မာလူငယ်များအတွက် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ အတုယူထိုက်သော အရည်အချင်းများကို သင်ယူလေ့လာခွင့်၊ အတုယူခွင့်စသည့် အခွင့်အရေးများ ဆုံးရှုံးနေသည်ဟု သူက ဆက်ပြောသည်။

ယခုလက်ရှိ နေအိမ်အကျယ်ချုပ် ကျခံနေရသော မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သည်။

Monday, February 8, 2010

Eight Amazing Holes.....

Eight Amazing Holes.....






1. Kimberley Big Hole - South Africa


holes in earth5 7 Huge Holes in the Earth

တောင်အာဖရိကနိုင်ငံက Kimberley တွင်းကြီး ဖြစ်ပါတယ်...
ကမ္ဘာပေါ်မှာ အကြီးမားဆုံး လူသားတွေ အင်အားနဲ့ တူးထားတဲ့ တွင်းပါတဲ့ ...
ပေပေါင်း ၃၅၉၉ ပေ ( မီတာ ၁၀၉၇ ) နက်ပြီး တွင်းကြီးကိုအပြီတိုင်
မစွန့် ပစ်ခင်အထိ စိန်ပေါင်း သုံးတန်လောက်ထွက်ရှိခဲ့ တဲ့ 
စိန် တွင်းကြီးပါတဲ့ .....

Apparently the largest ever hand-dug excavation in the world, this 1097-meter-deep mine yielded over three tons of diamonds before being closed.



2. Glory Hole - Monticello Dam, California


holes in earth7 7 Huge Holes in the Earth


အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ Monticello
ရေလှောင်ဆည် က Glory Holeတွင်းကြီးဖြစ်ပါတယ်...
အခုလို ရေတွေ စီးဝင်တဲ့ တွင်းအမျိုးအစားထဲမှာတော့ ကမ္ဘာပေါ်မှာအကြီးဆုံးတွင်း
ကြီးဖြစ်ပြီးတစ်စက္ကန့် ကို ရေပမာဏပေါင်း ၁၄၄၀၀ အထိ စီးဝင်နိုင်ပါတယ်...
ဒီတွင်းကြီးကိုေ၇လှောင်တမံထဲမှာရေတွေ ပြည့် လျှံနေပြီးလျှော့ ချဖို့ 
လိုတဲ့ အခါမှာအသုံးပြုပါတယ်တဲ့ ....

This is the Glory Hole at Monticello Dam, and it's the largest in the world of this type of spillway, its size enabling it to consume 14,400 cubic feet of water every second.


3 Bingham Canyon Mine, Utah


holes in earth3 7 Huge Holes in the Earth

ဒီတွင်းကြီးကလည်းကမ္ဘာပေါ်မှာ လူသားတွေပြုလုပ်ခဲ့ သမျှ
အကြီးဆုံးတွင်းကြီးလို့ ဆိုပြန်တာပါပဲ....
၁၈၆၃ ခုနှစ်ကတည်းက စပြီးတူးလာခဲ့ တာ အခုထက်ထိတိုင်အောင်ပါပဲတဲ့ ...
အခုလက်ရှိဆိုယင်တွင်းကြီးဟာ မိုင်နဲ့ ချီပြီးနက်ရှိုင်းကာ အကျယ်ကတော့ 
၂.၅ မိုင်ရှိနေပြီလို့ ဆိုပါတယ်...

This is supposedly the largest man-made excavation on earth. Extraction began in 1863 and still continues today, the pit increasing in size constantly. In its current state the hole is miles deep and 2.5 miles wide


4 Great Blue Hole , Belize

holes in earth1 7 Huge Holes in the Earth




ဘယ်လစ်ဇ်နိုင်ငံရဲ့ ကာရစ်ဘီရံ ပင်လယ်ထဲကရေပြာတွင်းကြီးပါ...
ဘယ်လစ်ဇ် ကနေ မိုင် ၆၀ အကွာမှာတသည်ရှိတဲ့  ထူးဆန်းအံ့ သြဖွယ်ရာ
သဘာဝတရားရဲ့ ဖြစ်တည်မှုတစ်ခုဖြစ်ပါတယ်...
အဲဒီလိုမျိုးတွင်းတွေကမ္ဘာပေါ်မှာ အမြောက်အများရှိပေမယ့် ဒီတွင်းကြီးလောက်
လှပအံ့ သြစရာကောင်းတာမရှိတော့ ပါဘူးတဲ့ ....

This incredible geographical phenomenon known as a blue hole is situated 60 miles off the mainland of Belize .
There are numerous blue holes around the world but none as stunning as this one.









5.Mirny Diamond Mine, Siberia


holes in earth2 7 Huge Holes in the Earth

ဒီပုံကိုတော့ အများစုက တွေ့ ဖူးမြင်ဖူးကြမှာပါ...
ကမ္ဘာမှာ အကြီးကျယ်ဆုံး စိန်တွင်းကြီးပေါ့ .....
ပေပေါင်း ၁၇၂၂ ပေ ( ၅၂၅ မီတာ ) နက်ပြီး အ၀အကျယ် ကတော့ 
ပေပေါင်း ၃၉၃၇ ပေ ( ၁၂၀၀ မီတာ ) ရှိပါတယ်....
အဲဒီတွင်းကြီးရဲ့ အ၀ပေါ်ကိုဖြတ်ပြီးပျံသန်းခဲ့ တဲ့ ဟယ်လီကော်ပတာတွေ
စုပ်ယူပျက်ကျဖူးခဲ့ လို့  မပျံသန်းရနယ်မြေအဖြစ်သတ်မှတ်ထားခဲ့ ရပါတယ်တဲ့ ....

I’m pretty sure most people have seen this one. It’s an absolute beast and holds the title of largest open diamond mines in the world. At 525 meters deep, with a top diameter of 1200 meters, there’s even a no-fly zone above the hole due to a few helicopters having been sucked in

6. Diavik Mine, Canada

holes in earth6 7 Huge Holes in the Earth
ဒီပုံကိုတော့ အများစုက တွေ့ ဖူးမြင်ဖူးကြမှာပါ...
ဒီမိုင်းတွင်းကြီးကလည်းကြီးမားလွန်းတဲ့ အပြင် တည်နေရာကလည်း အလွန်ဝေးလံ
တဲ့ နေရာမှာမို့  သူ့ ရဲ့ ကိုယ်ပိုင်လေယာဉ်ကွင်းနဲ့ ပါတဲ့ ...လေယာဉ်ပြေးလမ်းက
ဘယ်လောက်တောင်ကြီးမားရှည်လျားသလဲဆိုယင် ဘိုးအင်း ၇၃၇ လေယာဉ်တွေတောင်
ဆင်းသက်ပျံသန်းထားရှိနိုင်ပါတယ်....
အေးလွန်းလို့ ပတ်ဝန်းကျင်က ရေပြင်ကြီးများခဲ နေတဲ့ အချိန်ဆိုယင်တော့ ရှုခင်း
ကတော့ ရင်သပ်ရှုမောပါပဲတဲ့ ...
The mine is so huge and the area so remote that it has its own airport with a runway large enough to accommodate a Boeing 737. It looks equally cool when the surrounding water is frozen

7.Sinkhole in Guatemala

holes in earth4 7 Huge Holes in the Earth
ဂွာတီမာလာက မြေကျွံ တွင်းကြီး...
ဒီပုံကတော့  ၂၀၀၇ ခုနှစ်၊ ဖေဖော်ဝါရီလက ဂွာတီမာလာနိုင်ငံမှာ မြေကျွံပြီး
အောက်ကို ပြိုကျသွားတဲ့ တွင်းကြီးဖြစ်ပါတယ်....
အိမ်ပေါင်း နှစ်ဒါဇင်လောက် အထဲကိုကျွံဝင်ပျက်စီးသွားပြီး လူလည်း သုံးဦး
သေဆုံးခဲ့ ရတယ်လို့ ဆိုပါတယ်.... အရှင်လတ်လတ်မြေမြိုတယ်ဆိုတာ အဲဒါပေါ့ ဗျာ...
This photo is of a sinkhole that occurred February 2007 in Guatemala . It swallowed two dozen homes and killed at least three people.
8. This Indian Parliament is the famous Rat Hole.
နောက်ဆုံးပိတ်၊ အိတ်နဲ့ လွယ်ဆိုသလို ...
အံ့ သြစရာအကောင်းတစ်ကာ့ အကောင်းဆုံးတွင်းကြီးကတော့  ဘတ်ဂျက်ငွေတွေထည့် လေသမျှ အဆုံးမရှိတဲ့ အိန္ဒိယနိုင်ငံက ပါလီမန်ကြွက်တွင်းကြီး ပါပဲတဲ့  ဗျာ....
အဲဒီတွင်းကြီးထဲကို နှစ်စဉ် အိန္ဒိယနိုင်ငံသားတွေရဲ့ အခွန် ဘဏ္ဍာငွေတွေ သန်းပေါင်း
များစွာ ထည့် ဝင်ရောက်ရှိခဲ့ ကြရပြီး ဘယ်ရောက်သွားတယ်
ဆိုတာကတော့ တစ်ခါမှ ကြားရတယ်လို့ ကို မရှိတော့ ပါဘူးတဲ့ ....
အဲဒီ အဆောက်အဦးကြီးထဲမှာ ( ကြွက်တွင်းကြီးထဲမှာကိုပဲ...)
အငယ်စားတွင်းပေါင်း ( ၅၃၄ +၂၅၀ ) ရှိတယ်ဆိုပဲ...
It is capable of swallowing Millions of Tax Payers Money annually, never to be heard from again! It is reputed to contain at least 534 + 250 ass"holes"
အင်း.....ရွှေပြည်ကြီးမှာလည်း....မကြာမှီ...လာမည်....မျှော်.... ပေါ့ ဗျာ နော်...

Sunday, February 7, 2010

သျှမ်းပြည်အမျိုးသားနေ့ အကြောင်းသိကောင်းစရာ

E-mail Print

သျှမ်းပြည်လူထုခေါင်းဆောင်များနဲ့စော်ဘွားများ ဦးဆောင် ကမကထပြုမှု အရ သျှမ်းပြည်အလယ်ပိုင်းယခင်လိုင်းခါ့ (လဲချား) နယ် ပင်လုံမှာ ၁၉၄၇ ဖေဖေါ်ဝါရီ ၃ - ၁၂ ၊ ၁၀ ရက်ကြာ ကျင်းပခဲ့တဲ့ ဒုတိယ ပင်လုံညီလာခံဟာ ဖေဖေါ်ဝါရီ ၇ ရက် သျှမ်းပြည်အမျိုးသားနေ့ နဲ့ ဖေဖေါ်ဝါရီ ၁၂ ပင်လုံစာချုပ်နေ့ (၀ါ) ပြည်ထောင်စုနေ့ တွေပေါ်ပေါက်စေခဲ့တဲ့ ကမ္ဘာကျော်သမိုင်းဝင်နေ့ရက်များ ဖြစ်ကြပါတယ်။

၁၉၄၆ မတ်ခ်ျ ၂၆-၂၈ ရက် ပထမပင်လုံညီလာခံကျင်းပစဉ် သျှမ်းစော်ဘွားများကောင်စီ (Shan State Saophas Council) ပြန်လည်ဖွဲ့စည်းခဲ့ တုန်းက စော်ဘွားများရဲ့ကိုယ်စားလှယ်တွေပါဝင် ဦးဆောင်တက်ရောက်ခဲ့ကြသလို ခွန်ကြာပု၊ ခွန်ဘဉာဏ်၊ ဒေါက်တာ စိုင်းနော်ခမ်း စတဲ့ လူထု ခေါင်းဆောင်တွေလဲ တက်ရောက်ကြပါတယ်။

ဖေဖ်ါဝါရီ ၁၂ ရက် ၁၉၄၇ ပင်လုံညီလာခံ


၁၉၄၆ ဂျူလိုင် ၂၁-၂၇ ရက်မှာ သျှမ်းစော်ဘွားများကောင်စီ SSSC ဥက္ကဌ နမ့်ဆန် ပလောင်စော်ဘွား ခွန်ပန်းစိန် ဦးဆောင်ပြီး (၁၉၂၂ အောက်တိုဘာ ၁ ရက်ကဖွဲ့စည်းခဲ့တဲ့၊ လူထုကိုယ်စားလှယ် တွေမပါဝင်ဘဲအင်္ဂလိပ်ကော်မရှင် နာကိုယ်တိုင် ဥက္ကဌရာထူးယူထား တဲ့) ယခင် ဖက်ဒရယ်ပြည်ထောင်စုသျှမ်းပြည် ( FSSC - Federal Shan State Council) ကို အာခံအံတုဖို့ အစည်းအဝေးတရပ်ကျင်းပခဲ့ကြ ပါတယ်။

အဲဒီအစည်းအဝေးဆုံးဖြတ်ချက်အရ သျှမ်းပြည်လူထု ကိုယ်စားလှယ်တွေနဲ့ စော်ဘွားကိုယ်စားလှယ်တွေအတူ တကွပါဝင်မဲ့ သျှမ်းပြည် ကောင်စီ (SSC) ဖွဲ့စည်းခဲ့ရင် အဲဒီကောင်စီအသစ်ကို လက်ခံအသိအမှတ်ပြုပြီးအာဏာအပ် နှင်းဖို့၊ လက်ရှိ (FSSC) အဟောင်းကို ဖျက် သိမ်းပေးဖို့- ဗမာပြည်ဘုရင်ခံ Governor ထံ ၃၊၂၊၁၉၄၇ နေ့ မှာ ကြေးနန်းစာ ပို့လိုက်ပါတယ်။

၇၊၂၊၁၉၄၇ မှာ အင်္ဂလိပ်ဘုရင်ခံက " FSCC ဥက္ကဌ အင်္ဂလိပ် ကော်မရှင်နာမင်းကြီးသဘာပတိလုပ်တဲ့ နှစ်လည်ကောင်စီ ညီလာခံ ဆုံးဖြတ် ချက်ကလွှဲလို့ ဘယ်ဆုံးဖြတ်ချက်မှ အဓိပ္ပါယ်မရှိကြောင်း၊ အဲဒီ တောင်းဆိုချက်တွေကို စွန့်လွတ် ရုပ်သိမ်းရမှာဖြစ်ကြောင်း” ကြေးနန်းစာ အကြောင်းပြန်ခဲ့ပါတယ်။

ဒါပေမဲ့ အင်္ဂလိပ်ဘုရင်ခံရဲ့ ညွှန်ကြားချက်ကို စော်ဘွားတွေ နဲ့ သျှမ်းပြည်လူထုခေါင်းဆောင်တွေလက်ခံနာယူခြင်း မရှိကြပါဘူး။ စော်ဘွား ကိုယ်စားလှယ် ၇ ဦး နဲ့ လူထုခေါင်းဆောင် ၇ ဦး စီပါဝင်တဲ့ သျှမ်းပြည်ကောင်စီအသစ် ဖွဲ့စည်းတည်ထောင်လိုက်ကြပါတယ်။ ကောင်စီ ဥက္ကဌ စ၀်ခွန်ပန်းစိန်ကဘဲ မူလဘူတရှေ့ပြေးပင်လုံစိတ်ဓါတ်အဖြစ် အောက်ပါ ဦးတည်ချက် ၃ ရပ်ကို လူထုအကြား ရှင်းလင်းချပြခဲ့ပါ တယ်။
(၁) အင်္ဂလိပ်အရာရှိတွေမပါဝင်တဲ့ သီးခြားသျှမ်းပြည်ကောင်စီထူထောင်ရေး
(၂) သျှမ်းပြည်လူထုကိုယ်စားလှယ်များကိုယ်တိုင် ကောင်စီထဲပါဝင်ရေး
(၃) သျှမ်းပြည်လွတ်မြောက်ရေး
အဲဒါနဲ့ပတ်သက်တဲ့ ကြေငြာချက်ကို ရန်ကုန်အသံလွှင့်ရုံဆီပေးပို့လိုက်ပြီး အဲဒီ ၇၊၂၊၁၉၄၇ ညနေမှာ အသံလွှင့်တော့ တပြည်လုံး ဗွက်လောရိုက်သွားတယ်။

ပင်လုံသဘောတူညီချက် လက်မှတ်ထိုးပြီး ၃ ရက်အကြာ ၁၅၊၂၊၁၉၄၇ နေ့မှာ မူလ သျှမ်းပြည်စော်ဘွားများကောင်စီ (SSSC) ကနေ သျှမ်းပြည်ကောင်စီ (SSC) အဖြစ်တရားဝင်ပြောင်းလဲသတ်မှတ်လိုက်တယ်။

ပင်လုံစာချုပ်လက်မှတ်မထိုးခင် တစ်ရက်အလို ၁၁၊၂၊၁၉၄၇ နေ့မှာ (SSC) ဥက္ကဌ စ၀်ခွန်ပန်းစိန်က သျှမ်းပြည်လူမျိုးပေါင်းစုံနဲ့ ပတ်သက် အကြံးဝင်တဲ့ အောက်ပါဆုံးဖြတ်ချက် ၃ ရပ်ဖြစ်တဲ့-
(၁) ဖေဖေါ်ဝါရီ ၇ ရက်ကို အမျိုးသားနေ့အဖြစ်-
(၂) ၀ါစိမ်းနီနဲ့ အဖြူရောင်လ၀န်းအလံကို သျှမ်းပြည်အလံတော် အဖြစ်-
(၃) ခေးတိုင်းခေးရာဇာသီချင်းကို ယာယီအမျိုးသားသီချင်း အဖြစ် - သတ်မှတ်ကြောင်းထုတ်ပြန်ကြေငြာလိုက်တယ်။

လွန်ခဲ့တဲ့ ၆၂ နှစ်ကစပြီး ဖေဖေါ်ဝါရီ ၇ ရက်နေ့ကို သျှမ်းအမျိုးသားနေ့လို့ အစွဲပြုခေါ်ဝေါ်ခဲ့ပေမဲ့ အဲဒီခေတ်ကာလ သမယ အခြေအနေ အရ အနှစ်သာရနဲ့ ဦးတည်ချက်ကတော့ လူမျိုးပေါင်းစုံ သျှမ်းပြည်သူတရပ်လုံးကို ကိုယ်စားပြုဖို့ ရည်ညွှန်းခဲ့တာဖြစ်ပါတယ်။

၁၉၆၂ ဗိုလ်နေ၀င်းဦးဆောင်တဲ့ ဗမာစစ်တပ် အာဏာသိမ်း ပြီးနောက်ပိုင်း အင်္ဂလိပ်တို့ထက် ခွဲခြမ်းစိတ်ဖြာအုပ်ချုပ်မှု ပိုကျင့်သုံးလာလို့ သျှမ်းပြည်လူမျိုးစုများအကြား သပ်လျှိုသွေးထိုး ဖဲ့ထုတ်စည်းရုံး မှုတွေတိုးပွါးလာတယ်။ အဲဒါကြောင့် သျှမ်းလူမျိုးစုတွေလောက်ဘဲအမျိုး သား နေ့ကျင်းပပြီး တခြား သျှမ်းပြည်လူမျိုးစုတွေပါဝင်တာ သိပ်မတွေ့ရတာ ယနေ့တိုင် ဖြစ်ပါတယ်။

နောက်ထပ်ချို့ယွင်းအားနည်းချက်တခုကတော့ နောက်ခံသမိုင်းဖြစ်ရပ်ကိုမလေ့လာတဲ့သျှမ်းတွေ အဲဒီအမျိုးသားနေ့ နဲ့ ၀ါ၊ စိမ်း၊ နီ အ လယ်လ၀န်း ရှိတဲ့ ရှည်းပြည်သူသားကိုယ်စားပြုအလံဟာ မိမိတို့သျှမ်းနဲ့ဘဲသက်ဆိုင်တယ်လို့ယူဆပြီး သျှမ်းနေ့/သျှမ်းအလံအဖြစ် ထင်မှတ်လာကြတယ်။

ဥပမာ - လူမျိုးအလိုက် ယုံကြည်ရာ ဓလေ့ထုံးတမ်းဖြစ်တဲ့ သျှမ်းနှစ်သစ်ကူးပွဲပါမကျန် (လူမျိုးအားလုံးနဲ့သက်ဆိုင်တဲ့) သျှမ်းပြည်အလံ ကို လွှင့်ထူချိတ်ဆွဲတွဲကပ် အသုံးချတာတွေ အပါအ၀င်ဖြစ်တယ်။ သျှမ်းမဟုတ်တဲ့တခြားသျှမ်းပြည် လူမျိုးစုတွေကလည်း အဲဒီအမျိုး သားနေ့နဲ့အလံဟာ မိမိတို့နဲ့ဘာမှမပတ်သက်သလိုနေလာကြတော့အာဏာရှင် ဗမာစစ်အုပ်စု အကွက်ထဲဝင်ပြီးသားဖြစ်သွားတယ်။

သမိုင်းအစစ်အမှန်လှစ်လှန်လိုက်ရင် သျှမ်းပြည်အမျိုးသားနေ့ ဖြစ်တဲ့ ၇၊၂၊၄၇ မရှိရင်ပြည်ထောင်စုနေ့လို့အများ သိကြတဲ့ ၁၂၊၂၊၁၉၄၇ ပင်လုံစာချုပ်နေ့ လဲရှိမှာမဟုတ်သလို ၄၊၁၊၄၈ လွတ်လပ်ရေးနေ့လဲ ရှိမှာမဟုတ်ပါဘူး။ ပင်လုံညီလာခံသာ မဖြစ်ခဲ့ဘူးဆိုရင် ပြည်ထောင်စု အမည်ခံ ကနေ့တိုင်းပြည်ရဲ့အနေအထားလဲတမျိုးတဖုံပြောင်း လဲခဲ့မယ်ဆိုတာ မြေကြီးလက်ခတ်မလွဲဖြစ်တယ် - လို့ သျှမ်းပြည်အရေး လေ့လာသူများက သုံးသပ်ပါတယ်။

Saturday, February 6, 2010

အီသီယိုးပီးယားမှ Mursi လူမျိုး

အီသီယိုးပီးယားမှ Mursi လူမျိုး

တော်တော်လေးကို လှပါတယ်။

အီသရိုးပီးယား Mursi လူမျိုး မိန်းမတွေရဲ့ အောက်ဖက်နှုတ်ခမ်းမှာ ကြီးမားတဲ့ အပေါက်ဖောက်ကာ သစ်ပြား (သို့) ရွံ့စေးပြားများကို ထည့်ထားကြပါတယ်။ အချို့သော အမျိုးသမီးတွေဆိုရင် အပေါ်နှုတ်ခမ်းရော အောက်နှုတ်ခမ်းပါ အပေါက်ဖောက် ပြီး သစ်သားတွေ ထည့်ကြပါတယ်။ သူတို့ ရဲ့ လူမျိုးတွေဟာ ထိုသို့ ပြုလုပ်ခြင်းအတွက် လှပတယ်လို့ ဆိုပါတယ်။ နောက်တစ်ခုကတော့ ထိုကဲ့သို့ နှုတ်ခမ်းမှာ အပေါက်ဖောက်ပြီး အပြားထည့်ထားသူတွေဟာ အရွယ်ရောက်ပြီး အိမ်ထောင်ပြုဖို့ အဆင်သင့်ဖြစ်ပြီး လို့ဖော်ပြခြင်းအဓိပ္ပါယ်ဆောင်ပါတယ်။ အပေါက်ဖောက်ပုံကတော့ နှုတ်ခမ်းကို သစ်သား ချောင်းနဲ့ ထိုးပြီး ဖောက်တာဖြစ်ပါတယ်။ ထိုကဲ့သို့ ထိုးဖောက်ပြီး တစ်ညထားကာ နောက်နေ့မှာတော့ သစ်သားချောင်းကို

ဆွဲထုတ်ကာ တဖြေးဖြေးနဲ့ သစ်သားပြားထည့်လို့ရအောင် အပေါက်ကိုချဲ့ပါတယ်။ သစ်သား သို့မဟုတ် ရွံ့စေးပြားထည့်လို့ရတဲ့အထိဖြစ်ပါတယ်။ ထိုကဲ့သို့ပြုလုပ်ချိန်မှာတော့ အင်မတန်ကို နာကျင်စွားခံစားရပါတယ်။ ဒီကြားထဲ အောက်ဖက်မှ အရှေ့သွား နှစ်ချောင်း ကို နုတ်ပစ်ရသလို့ တချို့ဆိုလျှင် လေးချောင်းကို နှုတ်ပစ်ရပါတယ်။ လအတော်ကြာတဲ့အခါမှာတော့ နှုတ်ခမ်းမှာ ပြားကို အပြည့်ထည့်လို့ရပြီဖြစ်ပါတယ်။ ထိုအချိန်မှာတော့ ထိုမိန်းခလေးဟာ ယောက်ျားတွေအမြင်မှာ လှပတယ်လို့ သတ်မှတ်ခြင်းခံရပါတယ်။ ထူးခြားတာ တစ်ခုကတော့ စကားပြောတဲ့အခါမှာ ဘာမှ အခက်အခဲ ရှိပုံမရပါဘူး။ ထိုသစ်ပြား များကို အလှဆင်ရတနာကဲ့သို့ ထုတ်လိုက်ထည့်လိုက် ပြုလုပ်ကြပါတယ်။ အပေါက်မဖောက်ထားတဲ့ မိန်းမဖြစ်ပါက ဘယ်သူမှ လက်မထပ်ပါ။ နောက်ပြီး အမွေရမဲ့ ကျွဲနွားတွေလဲ ပိုင်ဆိုင်ခွင့်မရှိပါဘူး။ နှုတ်ခမ်းမှာထည့်ထားတဲ့ အပြားအကြီးအသေးဟာ ကျွဲ၊နွား ပိုင်ဆိုင်မှု့အနည်းအများပေါ်မှာ အကြီးအသေးကွာခြားပါတယ်။ တခါတလေမှာတော့ သစ်ပြားများထည့်ဖို့ ပြုလုပ်ရင်းနှင့် နှုတ်ခမ်းများ ပြတ်ထွက်သွားတာလည်း ရှိတတ်ပါတယ်။ ထိုကဲ့သို့ နှုတ်ခမ်းပြတ်ထွက်သွားတဲ့ မိန်းခလေးအတွက်ကတော့ အကယ့်ပြသနာဘဲဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ယောက်ျားက ထိုမိန်းမကို ရုပ်ဆိုးတဲ့ မိန်းမလို့ မှတ်ယူကြပါတယ်။ ထိုမိန်း ခလေးအတွက်ကတော့ သက်ကျားအို၊ ဖျားနာ သူတို့တောင် သူမကို လက်ထပ်ဖို့ ခဲယဉ်း ပါတယ်။ အသက်ကြီးလာတဲ့အခါ ရောက်ရင်တော့ ထိုနှုတ်ခမ်းကွင်းကို ဖြတ်လိုက်ကြပါတယ်။

တရုတ်နိုင်ငံတွင် အသက် (၉) နှစ်အရွယ် မိန်းခလေး

တရုတ်နိုင်ငံတွင် အသက် (၉) နှစ်အရွယ် မိန်းခလေးမှ ခလေးမွေး ဖွား



၂ဝ၁ဝ ဇန်နဝါရီလ (၂၇) နေ့တွင် တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းမှာ ၉ နှစ်အရွယ် မိန်းခလေးမှ မီးဖွားခဲ့ပါတယ်။ မွေးဖွားခဲ့တဲ့ခလေးမှာ ၂.၇၅ ကီလိုဂရမ်ရှိပြီး ကျန်းမာမှု့ရှိတယ်လို့ သိရပါတယ်။ Jilin ခရိုင် Changchun မှာရှိတဲ့ ဆေးရုံမှာ ခွဲပြီးမွေးဖွားခဲ့တာဖြစ်ပါတယ်။ မွေးဖွားခဲ့တဲ့ ကောင်မလေးရဲ့ မိဘနှစ်ပါးကတော့ သူတို့သမီးကို ဘယ်သူက မတော်မတရား ကြံခဲ့သလဲဆိုတာ ကို ဥပဒေ နဲ့အညီ ရှာဖွေဖော်ထုတ်ဖို့ အတွက် ရဲ တိုင်ပြီး အကူအညီတောင်းခဲ့တယ်လို့ Changchun ညနေပိုင်းသတင်းမှာ ကျေငြာခဲ့ပါတယ်။ တရုတ်နိုင်ငံမှာတော့ အသက် (၁၄) နှစ် မပြည့်တဲ့ သူတစ်ယောက်ကို လိင်ပိုင်းဆိုင်ရာ ပြုလုပ်ခဲ့ပါက မုဒိန်းမှု့မြောက်ပါတယ်။ Shanghai ဆေးရုံမှ ပြောကြားချက်အရ တရုတ်နိုင်ငံမှာရှိတဲ့ ကိုယ်ဝန်ဖျက်ချကြသူ

အသက်ငယ်တဲ့ မိန်းကလေးများထဲမှာ ၃ဝ ရာခိုင်နှုန်းက ကျောင်းသူတွေဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒီပြသနာတွေ အဖြစ်အများဆုံး အချိန်ကတော့ကျောင်းများမှ ကျောင်းသူကျောင်းသားများ အားလပ်ရက် ခရီးသွားပြီး ပြန်လာရင် ကိုယ်ဝန်ရှိလာတာတွေ ဖြစ်လာတာအများဆုံးဖြစ်ပါတယ်လို့ ဆေးရုံမှ ထုတ်ဖော်ကျေငြာခဲ့ပါတယ်။ ထိုကဲ့သို့ ကိုယ်ဝန်ရှိလာပြီဆိုရင် အနည်းဆုံး ၃ ယောက်မှာ တစ်ယောက်ဟာ အထက်တန်းပညာ သို့မဟုတ် တက္ကသိုလ်ပညာ သင်နေတဲ့ ကျောင်းသူတွေ ဖြစ်ပြီး ဆေးရုံကို ကိုယ်တာလာပြောကြတယ်လို့ ဆိုပါတယ်။ မှတ်တမ်းများအရ ကမ္ဘာ့အသက်အငယ်ဆုံး မိခင် အဖြစ် သတ်မှတ်ခြင်းခံခဲ့ရသူကတော့ ၁၉၃၉ ခုနှစ်မှာ ပီရူး နိုင်ငံက မိန်းခလေးတစ်ယောက်ဟာ အသက် ၅ နှစ်နဲ့ ၇ လမှာ မွေးဖွားခဲ့တယ်လို့ မှတ်တမ်းများအရသိရှိရပါတယ်။ ကမ္ဘာပေါ်မှာ ထိုကဲ့သို့ အသက် ၉ နှစ်အရွယ်မှာ ခလေးမွေးခဲ့တဲ့ဖြစ်ရပ်မျိုး ၅ ကြိမ်၊ အသက် (၁ဝ)နှစ် နဲ့ ခလေးမွေးခဲ့တဲ့ ဖြစ်ရပ်မျိုး (၉)ကြီမ်နှင့် အသက် (၁၁)နှစ်အရွယ်မှာ ခလေးမွေးခဲ့တဲ့ဖြစ်ရပ်မျိုး (၈)ကြိမ်ရှိခဲ့တယ်လို့ မှတ်တမ်းများအရသိရပါတယ်။

Wednesday, February 3, 2010

မိန်းမ မာယာ (၄၀) -

(၁) ၀ိမ္ဘတိ။ ဦးခေါင်းခြေလက်တို့ကို ဆန့်ကျင်ခြင်း(မိမိချစ်သူ သိစေရန် ဝေးရာမှ ဖြစ်စေ၊ နီးရာမှ ဖြစ်စေ၊ သီးခေါင်း ၊ ခြေလက် လှုပ်ပြခြင်း)
(၂) ၀ိနပတိ။ ခါးကို ရှေ့နောက်ကုန်းကော့ ပြခြင်း ( မိမိချစ်သူ မိမိကိုယ်နေဟန်ထားကို စွဲမက်စေရန် ညွှတ်ပြခြင်း)
(၃) ၀ိကပတိ။ ဇောင်း၍လည်းကောင်း ပက်လက် အိပ်၍လည်းကောင်း ပြခြင်း (မိမိချစ်သူ တပ်မက်လာစေရန် ပြခြင်း)
(၄) ၀ိလက္ခတိ၊ ရှက်စနိုး မရဲတရဲ ပြခြင်း (မိမိချစ်သူအား မချိုမချဉ် မျက်နှာပေးနှု့် ခွဲပြခြင်း)
(၅) နဇေန၊ လည်သည်းခြင်း ထိခိုက် ပွတ်ပြခြင်း၊ နခိယဋေတိ (မိမိချစ်သူ ရှေ့တွင် မျက်လုံးကို မှေးဇင်းကာ စဉ်းစားသလို၊ လည်သည်းခြင်း ပွက်ခြင်း)
(၆) ပါဒေနပါဒံ။ ခြေဖြင့် ခြေဖ၀ါးတစ်ဖက်ကို နင်းပြခြင်း ၊ ဇက္ကမတ (မိမိချစ်သူရှေ့တွင် မိမိလိုအင်မပြည့်ဟန် မျက်နှာသုန်မှုန်ကယ ခြေဆောင်ံနင်းခြင်း)
(၇) ကဌေနပထ၀ိ ။ တုတ်ဖြင့် မြေကြီးကို ရေးခြင်းကြခြင်း၊ ၀ိလေတေ (ချစ်သူရှေ့တွင် အတွင်းဆွေးနွေးဟန် မြေသင်ဖြူးကို ရေးခြင်းပြခြင်း)
(၈) ဒါရကံနလ္လဃတီ၊ သုငယ်ကို မြှောက်ပင့်ခြင်း၊ နလ္လဃာလတီ (ချစ်သူရှေ့တွင် ခလေးကို ချီမြှောက် ပြခြင်း၊)
(၉) တိဋတိ၊ ကလေးနှင်ံကစား၍ ခုန်းပြေးခြင်း တိ၃ာလေတ (ချစ်သူရှေ့တွင် ကလေးနှင့် ခုန်ပေါက်ပြေးလွှားပြခြင်း)
(၁၀) ဇူမ္ဗတိ၊ ခလေးကိုနမ်း၏ ၊ နမ်းစေ၏၊ ဇူမ္ဗပေတ (ချစ်သူရှေ့တွင် ကလေးကို နမ်းပြခြင်း)
(၁၁) ကုဉ္ဇာတိ၊ စားစေခြင်း၊စာူသောက်ခိုင်းခြင်း၊ ကုဉ္ဇာပေတ (ချစ်သူရှေ့တွင် ကလေးကို စားစေခြင်း၊ စားသောက်ခိုင်းခြင်း)
(၁၂) ပဒါတိ၊ လက်ဆောင်ပစ္စည်း ပေးကမ်းခိုင်းခြင်း (ချစ်သူအား လက်ဆောင်ပစ္စည်း ပေးခြင်း)
(၁၃) ကတံ၊ ချစ်သူလုပ်သမျှ အတုပြုလုပ်ပြခြင်း အနုကယာတ (ချစ်သူ လုပ်သမျှကို လိုက်၍ လုပ်ခြင်း)
(၁၄) နန္ဇံကာသတ၊ ချစ်သူ ဂုဏကို အမြင့်ဆုံး ပြောခြင်း (ချစ်သူကို အမြဲမြှင့်တင် ဂုဏ်ယူပြောခြင်း)
(၁၅) နန္ဇာံသတ၊ သူများ ချီးမွးလျှင် မိမိက နှိပ်ချပြောခြင်း (သူတပါး ပြောသော စကား များနှင့် ဆန့်ကျင့်ဘက် လုပ်ပြောခြင်း)
(၁၆) အ၀ိန္ဇံဂတိ၊ ချစ်ကြိုက်ကြောင်း ဖွင့်ဟပြောခြင်း (ချစ်သူအား ချစ်ခင် ဇွဲလန်းကြောင်း ဥပမာစကား တို့ဖြင့် ပြောခြင်း)
(၁၇) ဓိဝိဇ္ဇာံသတ၊ ဥပမာစကားတို့ဖြင့် ဖွင့်ဟပြောခြင်း (မိမိ ချစ်သူအား နှစ်သက်ကြောင်း ဖွင့်ဟပြောခြင်း)
(၁၈) နဇ္ဇံ၊ ကခုန်းပြခြင်း (ချစ်သူရှေ့တွင် ကတတ်ကြောင်း ပြဆိုခြင်း၊ ကပြခြင်း)
(၁၉) ဂိတ၊ သီးချင်း ညဉ်းပြခြင်း (ချစ်သူရှေ့တွင် သီးချင်းသီဆိုပြခြင်း)
(၂၀) ၀ါဒိတ၊ တီးမှုတ် ပြခြင်း (ချစ်သူရှေ့တွင် တီးမှုတ်ပြခြင်း)
(၂၁) ရောဒတ၊ မဲပြ၊ငိုပြ၊ မကြည်မသာ လုပ်ပြခြင်း (ချစ်သူရှေ့တွင် အလိုမကျဟန် အမျိုးမျိုး လုပ်ပြခြင်း)
(၂၂) ၀ိသာသတိ၊ တင့်တယ်အောင် ခံစားဖို့ ပြောပြလေ့ရှိခြင်း
(၂၃) ၀ိပူတိ၊တန်ဆာ ကရိယာ တပ်ဆင်ပြင်ခြင်း
(၂၄) ဇဂ္ဃတိ၊ အသံထုတ်၍ရယ်ခြင်း၊ ဟစ်ခေါ်ခြင်း (ချစ်သူရှေ့တွင် ကြားလောက်အောင် ဟစ်အောင် ပြောဆိုခြင်း)
(၂၅) မေက္ခတိ၊ တည့်တည့်မကြည့် ငဲ့စောင်း၍ ကြည့်ခြင်း (ချစ်သူအား တည့်တည့် မကြည့် စောင်းငဲ၍ ကြည့်ခြင်း)
(၂၆) ကဋီဇလေတိ၊ ခါးကိုကော့ကာ၊ လန်ကာ ရဲရဲပြခြင်း (ချစ်သူရှေ့တွင် ခါးကို ကော့ကာလှန်ကာ ပြခြင်း)
(၂၇) ရုညကဏ္ဍက၊ လျှို့ဝှက်သော အဂီါတို့အား လုပ်ခါပြခြင်း၊ ဇာလေတိ(ချစ်သူ မြင်လေအောင် လျှိ့ဝှက်သော အဂီါတို့အား လှုပ်ခါပြခြင်း)
(၂၈) ဥရုံဝိဇရတိ၊ ပေါင်သားပေါ်ကို ပြခြင်း (ချစ်သူ မြင်သာအောင် ပေါင်အား ဖော်ပြခြင်း)
(၂၉) ဥရုံဝိဒဟတိ၊ ပေါင်သားအား ရှ့ဟန် ဖုံးပြခြင်း (ချစ်သူရှေ့တွင် ရှက်ဇနိုး အမူအယာဖြင့် ပေါင်သားကို ဖုံးဖိပြခြင်း)
(၃၀) ထန်ဒလောတိ၊ ရင်သားကို မြင်အောင်ပြခြင်း၊ (ခ်ျစသူ ရှေ့တွက် ရင်သားကို မြင်အောင်ပြခြင်း)
(၃၁) ကဈှံဒသောတိ၊ လက်နှစ်ဖကို မြှောက်ပြခြင်း (ချစ်သူရှေ့တွင် လက်ကို မြှောက်ပြခြင်း)
(၃၂) နိဒသောတိ၊ ချက်ပေါ်အောင် ထမီဝတ်ပြခြင်း (ချစ်သူရှေ့တွင် ချက်ပေါ်အောင် ထမီဝတ်ပြခြင်း)
(၃၃) ဂက္ဇိနိခဏတိ၊ မျကစေံကို ခဏခဏ မှိတ်ပြခြင်း (ချစ်သူ မြင်အောင် မျက်စေံ မှိတ်ပြခြင်း)
(၃၄) ကမူနုက္ခိတိ၊ မျက်ခုံနှစ်ဖက် မြှင့်ပြခြင်း (ချစ်သူရှေ့တွင် မျက်ခုံးမြှု့်ကာ မျက်စချီ ပြခြင်း)
(၃၅)သြဌဥပတိဇတိ၊ နှုတ်ခမ်းခြင်း ကိုက်ပြခြင်း (ချစ်သူရှေ့တွင် နှုတ်ခမ်းချင်း ကိုက်ပြခြင်း )
(၃၆) ဇိဌံနိလ္လာလေတိ၊ လျှာဖျားထုတ်၍ နှုတ်ခမ်းနှင့် ကိုက်ပြခြင်း (ချစ်သူရှေ့တွင် လျှားဖျားထုတ်၍ နငတ်ခမ်းနှု ကိုက်ပြခြင်း)
(၃၇) ဒုဿံမုဉ္ဇတိ၊ ခါးဝတ်ကို ချွတ်ဟန်ပြခြင်း (ချစ်သူရှေ့တွင် ခါးဝတ်တန်ဆာ ချွတ်ယောင်ပြခြင်း)
(၃၈) ယံပဋိဗန္ဇတိ၊ ခါးဝတ်ကို ဖြေ၍ပြခြင်း၊ (ချစ်သူရှေ့တွင် ခါးဝတ်ကို ဖြေသယောင်ပြခြင်း)
(၃၉) သိနသံမုဉ္ဇ၊ ဆံထုံးကို ဖြေ၍ပြခြင်း (ချစ်သူရှေ့တွင် ဆံပင်ကို ဖြေ၍ပြခြင်း)
(၄၀) သိရသံဗန္ဇတိ၊ ဆံပင်ကို ပြင်၍ထုံးပြခြင်း (ချစ်သူရှေ့တွင် ဆံထုံးကို ပြင်၍ ထုံးပြခြင်း