Pages

Monday, March 29, 2010

ဒီလို ချစ်သူ ကို အားလုံး လိုချင်မယ် လို့ထင်ပါတယ်

ကျွန်မ ရဲ့ခင်ပွန်းက software engineer တစ်ယောက်ပါ။ သူ့ ရဲ့ တည်ငြိမ်တဲ့
စရိုက်လေးကို ကျွန်မချစ်တယ်။ သူ့ ပုခုံးပြင်ကျယ်ကြီးပေါ် မှီလိုက်တိုင်း
ရရှိလာတဲ့ နွေးထွေးတဲ့ ခံစားမှုလေးကို ကျွန်မချစ်တယ်။

ကျွန်မတို့ ချစ်သက်တမ်း နှစ် နှစ်အကြာမှာ လက်ထပ်ခဲ့ကြတာ အခုဆို
အိမ်ထောင်သက် ငါးနှစ်တောင်ရှိနေပါပြီ။ ဒါပေမယ့် ဒီအိမ်ထောင်ရေးကို
ကျွန်မငြီးငွေ့ လာပြီလို့ ဝန်ခံပါရစေ။ သူ့ အပေါ်ချစ်ရတဲ့အကြောင်းတွေကလည်း
ကျွန်မအတွက် စိတ်ပင်ပန်းစရာတွေ အဖြစ်ပြောင်းလဲနေပါပြီ။

ကျွန်မစိတ်က သိပ်ပြီးထိခိုက်ခံစားလွယ်ခဲ့တယ်
။ ကျွန်မတို့ ရဲ့ ဆက်ဆံရေးနဲ့ ကျွန်မခံစားချက်တွေအပေါ် ကျွန်မသိပ်ကို
ခံစားလွယ်ခဲ့တယ်။ ကလေးငယ်လေးတစ်ယောက် ချိုချဉ်သကြားလုံးကို
တပ်မက်တွယ်တာသလို ကျွန်မတို့ ရဲ့ဆွတ်ပျံ့ ကြည်နူးဖွယ်ကောင်းခဲ့တဲ့
အချိန်ခဏလေးတွေကို တမ်းတနေတယ်။ သူခံစားချက်ကတော့ ကျွန်မခံစားချက်နဲ
့ဖြောင့်ဖြောင့်ကြီးကို ဆန့် ကျင်ဖက်ဖြစ်နေတယ်။ သူ
့ရဲ့တည်ငြိမ်နိုင်လွန်းမှုတွေ နဲ့ ကျွန်မတို့ ရဲ့ အိမ်ထောင်ရေးမှာ
ရင်ခုန်ကြည်နူးဖွယ် အချိန်ကလေးတွေ မရှိဘူးလို့ ကျွန်မထင်လာတဲ့အခါမှာ
အချစ်ဆိုတာကို ကျွန်မစိတ်နာစပြုလာတယ်။

နောက်ဆုံးတစ်နေ့ မှာတော့ ကျွန်မ သူနဲ့ လမ်းခွဲဖို့ ဆုံးဖြတ်ချက်ကို သူ
့ကိုပြောဖို့ ဆုံးဖြတ်လိုက်တော့တယ်။

"လမ်းခွဲမယ် ဟုတ်လား...ဘာလို့ လဲ " သူ ထိတ်လန့် တကြားတော့မေးရှာပါတယ်။

"ကျွန်မ အရမ်းပင်ပန်းနေပြီ... ကမ္ဘာပေါ်မှာ ဖြစ်လာတဲ့ အဖြစ်အပျက်တိုင်းမှာ
ဘာအကြောင်းပြချက်မှ မရှိပါဘူး..."

ဒီလောက်နဲ့ ပဲ ကျွန်မတို့ ဆွေးနွေးခန်း အဆုံးသတ်သွားတယ်။

အတွေးထဲနစ်နေတဲ့ ပုံစံနဲ့  သူတစ်ညလုံး ငြိမ်သက်နေခဲ့တယ်။ သူ
့ကိုကျွန်မစိတ်ပါပျက်လာတယ်။ သူကိုယ်တိုင်ရဲ့ ခံစားချက်ကို
ထုတ်ဖော်နိုင်စွမ်းမရှိတဲ့ လူတစ်ယောက်စီက ကျွန်မ
ဘာများထပ်ပြီးမျှော်လင့်နေရဦးမှာလဲ....

နောက်ဆုံးတော့ သူ ကျွန်မကို မေးခွန်းတစ်ခု မေးလာတယ်။ "ငါဘယ်လိုလုပ်ပေးရင်
မင်းရဲ့စိတ်တွေကို ပြောင်းလဲနိုင်မလဲ" တဲ့။

လူတစ်ယောက်ရဲ့ အကျင့်စရိုက်ဆိုတာ ပြင်လို့ မရရိုးထုံးစံပဲမဟုတ်လား...။ သူ
့အပေါ်မျှော်လင့်ထားတဲ့ ကျွန်မရဲ့ ယုံကြည်ချက်တွေလည်း
ပျောက်ဆုံးကုန်ပါပြီ။

သူ့ မျက်ဝန်းတွေထဲကို နက်နက်ရှိုင်းရှိုင်း ကြည့်လိုက်ပြီး
ကျွန်မဖြေလိုက်တယ်။ "ကျွန်မမေးခွန်းတစ်ခုမေးမယ်။ ဒါကို
ရှင်အဖြေပေးနိုင်ရင် ကျွန်မ နှလုံးသားကို ပြန်ပြီးလှုပ်ခတ်နိုင်ရင်
ကျွန်မရဲ့ ဆုံးဖြတ်ချက်ကိုပြင်လိုက်မယ်..."

"တောင်ထိပ်ဖျားမှာရှိနေတဲ့ ပန်းတစ်ပွင့်ကို ကျွန်မလိုချင်တယ်...
အဲဒီပန်းပွင့်ကို ခူးလိုက်ရင် ရှင်သေရလိမ့်မယ် ဆိုတာလည်း ကျွန်မတို
့နှစ်ယောက်လုံး သိနေကြတယ်ဆိုပါတော့... ဒါဆို ဒီပန်းကို ရှင်ကျွန်မအတွက်
ခူးပေးနိုင်မလား" ။

သူပြန်ဖြေတာကတော့ ...."မနက်ဖြန်ကျရင် မင်းကို ငါအဖြေပေးမယ်" ဆိုတာပဲ။ သူ
့စကားကိုကြားလိုက်တဲ့ တခဏမှာပဲ ကျွန်မရဲ့မျှော်လင့်ချက်တွေ
စုန်းစုန်းမြုပ်သွားတယ်။

မနက်အိပ်ရာနိုးတော့ သူမရှိတော့ပါဘူး။ အိမ်ရှေ့ တံခါးနားက စားပွဲပေါ်မှာ
နွားနို့ ခွက်နဲ့ ဖိထားတဲ့ သူ့ လက်ရေးနဲ့ ရေးထားတဲ့ စာတစ်စောင်ကိုပဲ
ကျွန်မတွေ့ ရတယ်။

စာထဲမှာရေးထားတာကတော့..... "အချစ်ရယ်... ငါမင်းအတွက် အဲဒီပန်းပွင့်လေးကို
မခူးပေးနိုင်ပါဘူး။ ဘာကြောင့်ငါဒီလိုပြောတယ်ဆိုတာကိုတော့ ငါ့ကို
ရှင်းပြခွင့်ပေးပါ....။"

ပထမ စာတစ်ကြောင်းနဲ့ တင် ကျွန်မနှလုံးသားတွေ ကွဲကြေကုန်ပါပြီ။
စာကိုဆက်ဖတ်လိုက်ပါတယ်။

" မင်း ကွန်ပျူတာ သုံးတဲ့အခါတိုင်း ကွန်ပျူတာ ပရိုဂရမ်တွေအားလုံး
ကမောက်ကမနဲ့ ရှုပ်ထွေးကုန်တယ်လေ...အဲဒီနောက် မင်း ကွန်ပျူတာဖန်သားပြင်ရှေ
့မှာငိုတော့တာပဲ။ ဒီပရိုဂရမ်တွေ နေသားတကျ ပြန်ဖြစ်အောင် မင်းကိုကူဖို
့အတွက် ငါ့လက်ချောင်းလေးတွေရှိနေမှရမယ်။ "

"မင်းအပြင်သွားတိုင်း အိမ်သော့ကို အမြဲမေ့ထားခဲ့တတ်တယ်နော်။ အဲဒီအခါကျရင်
မင်းအရင်အိမ်ကို ရောက်နှင့်အောင် အပြေးပြန်လာဖို့ လည်း ငါ့
ခြေထာက်တွေရှိနေရဦးမယ်။"

"မင်းက ခရီးသွားနေရတာကိုလည်း ပျော်တယ်နော်။ မြို့ အသစ်တစ်ခုကို
ရောက်တိုင်း မင်းမျက်စိလည် လမ်းမှားတော့တာပဲ။ မင်းကို လမ်းရှာပေးဖို
့ငါ့မျက်လုံးတွေလည်း လိုတယ်နော်ကွာ"

"မင်းနဲ့ မင်းသူငယ်ချင်းတွေ တစ်လတစ်ခါ ဂေါက်ရိုက်သွားတိုင်းလည်း မင်းရဲ့
ကြွက်သားတွေ နာနေတတ်တယ်လေ။ ဒီတော့ မင်းရဲ့ ဗိုက်သားလေးတွေ နာနေတာကို
ဖြေပေးဖို့ ငါ့ရဲ့လက်ဖနောင့်လေးကိုလည်း ချန်ထားရလိမ့်မယ်"

"မင်းက အိမ်ထဲမှာနေရတာလည်း ကြိုက်တယ်။ မင်းအရွယ်မတိုင်ခင်
အိုစာသွားမှာကို ငါသိပ်စိုးရိမ်တာပေါ့။ မင်းမပျင်းရအောင်လို
့ပုံပြင်တိုလေးတွေ ဟာသလေးတွေကို ပြောပြဖို့ ငါ့ပါးစပ်ကလေးလည်း
ရှိနေရဦးမယ်"

"ကွန်ပျူတာ ဖန်သားပြင်တွေက မင်းမျက်လုံးအတွက် လုံးဝမကောင်းနိုင်ပေမယ့်
မင်းတစ်ချိန်လုံးကြည့်နေတယ်လေ။ ငါတို့ အိုလာတဲ့အခါ မင်းရဲ့လက်သည်းလေးတွေ
ညှပ်ပေးဖို့ ...မင်းဆံပင်ဖြူတွေ နှုတ်ပေးဖို
့ငါ့မျက်လုံးလေးတွေရှိနေရမယ်မဟုတ်လား။ ကမ်းခြေမှာ
လမ်းလျှောက်ထွက်တဲ့အခါလည်း မင်းလက်ကလေးကို ငါတွဲပေးနိုင်မယ်လေ။
နေရောင်အောက်က လှပနေတဲ့ သဲဖြူတွေကို မင်းနှစ်သက်တယ်လေ။ ပြီးတော့ မင်းကို
ပန်းပွင့်လေးတွေရဲ့အရောင်ကို ပြောပြလို့ ရမယ်။ "

"ဒါကြောင့်ပါကွာ...မင်းကို ငါ့ထက်ပိုချစ်နိုင်မယ့်သူ ရှိမယ်လို
့မသေချာသေးသ၍ မင်းပြောတဲ့တောင်ပေါ်ကပန်းကို ခူးပြီး ငါမသေပါရစေနဲ့ ဦး။"

ကျွန်မ မျက်ရည်တွေ စာရွက်ပေါ် ပိုးပိုးပေါက်ပေါက် လှိမ့်ဆင်းလာတော့တယ်။ သူ
့လက်ရေး နဲ့ မင်လေးတွေ့ စာရွက်ပေါ် ပြန့် သွားတဲ့အထိပါပဲ။ စာကို ကျွန်မ
ဆက်ဖတ်ပါသေးတယ်။

"ကဲအခုလောက်ဆို မင်းလည်းစာကို ဖတ်ပြီးလောက်ပြီ။ ငါ့အဖြေကို
မင်းကျေနပ်တယ်ဆိုရင်... မင်းအတွက် လတ်လတ်ဆတ်ဆတ် နွားနို့ နဲ့ ပေါင်မုန်
့တွေဝယ်လာပြီး အိမ်ပြင်မှာ ရပ်နေတဲ့ ငါ့ကို တံခါးလာဖွင့်လှည့်ကွာ.."

ကျွန်မအပြေးအလွှား တံခါးသွားဖွင့်တဲ့အခါ သူ့ ရဲ့စိုးရိမ်တကြီးဖြစ်နေတဲ့
မျက်နှာလေးကို တွေ့ လိုက်ရတယ်။ လက်ထဲမှာလည်း နို့ ပုလင်းတွေ၊ ပေါင်မုန်
့တွေ တစ်ပွေ့ တပိုက်နဲ့ ပေါ့။ အခုတော့ သေချာသွားပါပြီ။ သူ့ လောက်
ကျွန်မအပေါ် ဘယ်သူမှ မချစ်နိုင်ဘူးဆိုတာ သေချာသွားပါပြီ။ တောင်ပေါ်က
ပန်းပွင့်လေးကိုလည်း သူ့ ဘာသာ တစ်ပွင့်တည်းရှိပါစေတော့.... ဒါဟာ
ဘဝပါပဲ..အချစ်ဆိုတာလဲ ဒါပါပဲ။

ကိုယ့်အနားမှာ အမြဲတမ်းအချစ်ရှိနေတဲ့အခါ စိတ်လှုပ်ရှားတဲ့ ခံစားချက်တွေ
မှေးမှိန်နေသလိုပါပဲ။ အဲဒီအခါ ငြိမ်းချမ်းမှုနဲ့ မှေးမှိန်ပျောက်ကွယ်မှုတွေ
ရဲ့ကြားထဲမှာ တည်နေတဲ့ အချစ်ကို မျက်ကွယ်ပြုဖို့ ကြိုးစားတော့တာပါပဲ။

အချစ်ဆိုတာ ပုံစံမျိုးစုံနဲ့ ထွက်ပေါ်လာပါတယ်။ အလွန်သေးငယ်ပြီးတဲ့ပုံစံ နဲ
့လည်းဖြစ်နိုင်တယ်.... သူ့ မှာစံပုံစံဆိုတာမရှိပါဘူး။
အမှေးမှိန်ဆုံးပုံစံလေးလဲ ဖြစ်နိုင်တယ်..ငြီးငွေ့ ဖွယ်ပုံစံနဲ့ ရောပေါ့။

ပန်းပွင့်တွေ...စိတ်လှုပ်ရှားစရာတွေ ဟာ အပေါ်ယံပါဆက်ဆံရေးတစ်ခုပါပဲ..
အဲဒါတွေ အားလုံးရဲ့ အတွင်းကျကျနေရာမှာတော့ အချစ်စစ်ရဲ့ အဓိက
နေရာရှိနေပါတယ်။ ပြီးတော့ ဒါဟာ ဘဝပါပဲ....

*မူရင်းက ဒီနေရာကပါ http://funlok.com/index.php/story/love-life.html
*အပေါ်က ပုံလေးကို http://www.flickr.com/photos/moemoechi/1246549971/
ကနေ ယူသုံးထားပါတယ်
* ဘာသာပြန် ပညာအားနည်းနေသေးလို့ နားလည်ပေးကြပါရန်။

Monday, March 22, 2010

ဘဝ အခွင့်အရေး

တစ်ခါတုန်းက လူတစ်ယောက်ဟာ တစ်ညမှာ နတ်မင်းကြီးတစ်ပါးနဲ့ ကြုံခဲ့တယ်။ နတ်မင်းကြီးက လူငယ်ကို အပြောင်းအလဲတစ်ခု သူ့ကိုယ်ပေါ်ကျရောက်နိုင်ကြောင်း၊ သူ့မှာသူဌေးဖြစ်နိုင်တဲ့၊ ရာထူးအရှိန်အဝါတွေ ကြီးမြင့်နိုင်တဲ့၊ လှပတဲ့ဇနီးတစ်ဦး ပိုင်ဆိုင်နိုင်တဲ့ အခွင့်အရေးတွေ အများကြီးရှိကြောင်း ပြောခဲ့တယ်။

လူငယ်က နတ်မင်းကြီးပြောခဲ့တဲ့အတိုင်း ထူးခြားတာတွေ သူ့အပေါ်ကျရောက်မယ့်နေ့ကို စောင့်နေခဲ့တယ်။ ဒါပေမယ့် နှစ်လရာသီတွေသာ ပြောင်းသွားတယ်။ သူ့ဘဝဘာမှ မထူးခြားခဲ့ဘူး။ အဲဒီလို တစ်ယောက်တည်း တစ်သက်လုံး ဆင်းဆင်းရဲရဲနဲ့ ကွယ်လွန်သွားခဲ့ရတယ်။

ကွယ်လွန်ပြီးနောက် နတ်မင်းကြီးနဲ့တွေ့ခဲ့ပြန်တယ်။ နတ်မင်းကြီးကိုတွေ့တာနဲ့ သူက "နတ်မင်းကြီး.... အရှင်ပြောတော့ ကျွန်တော်သူဌေးဖြစ်မယ်ဆို၊ ရာထူးကြီးကြီးမားမားနဲ့ ဇနီးချောချောရမယ်ဆို အခုတော့ ကျွန်တော်တစ်သက်လုံး စောင့်နေခဲ့တာ ဘာမှလည်းမရခဲ့ဘူး" လို့ ပြောတယ်။

အဲဒီအခါ နတ်မင်းကြီးက "အသင်ကို သူဌေးဖြစ်နိုင်တဲ့၊ ရာထူးရနိုင်၊ ဇနီးချောချောရနိုင်တဲ့ အခွင့်အရေးပေးမယ်လို့ပဲ ပြောခဲ့ပါတယ်။ ဒါပေမယ့် ခင်ဗျားက ဒီအခွင့်အရေးတွေကို လက်လွတ်ခဲ့တယ်" လို့ ပြောတော့ လူငယ်က "အရှင်နတ်မင်းပြောတာကို ကျွန်တော်သဘောမပေါက်ဘူး" လို့ဆိုတယ်။

နတ်မင်းကြီးက ဆက်ပြီးပြောပြန်တယ်။

"တစ်ခါတုန်းက ချမ်းသာနိုင်တဲ့ အခွင့်ကောင်းတစ်ခုကို အသင်ရခဲ့တယ်မဟုတ်လား? ဒါပေမယ့် အသင် မလှုပ်ရှားခဲ့ဘူး။ ဆုံးရှုံးမှာကိုကြောက်ပြီး အသင်သွားမစမ်းသပ်ခဲ့ဘူး။ ဒါကို တစ်ခြားတစ်ယောက်က မကြောက်မရွံ့နဲ့ သွားလုပ်ခဲ့တယ်။ အဲဒီလူဟာ နောက်ဆုံးမှာ မြို့ပေါ်က အချမ်းသာဆုံးလူဖြစ်သွားခဲ့တယ်။ နောက်တစ်ခုရှိသေးတယ်.... အသင်မှတ်မိရဲ့လား! မြို့ပေါ်မှာ ငလျှင်လှုပ်တဲ့အခေါက်တုန်းက အိမ်တော်တော်များများ ပြိုကုန်တယ်။ လူတွေအများကြီး ပိတ်မိနေကြတယ်။ လူတွေကိုကယ်တင်၊ ကူညီနိုင်တဲ့ အခွင့်အရေး အသင်မှာရှိပေမယ့် အသင်သွားမကူညီခဲ့ဘူး။ အသင်မရှိတုန်း အသင့်အိမ်ကို သူခိုးဝင်မှာစိုးတယ်၊ လုယှက်မှာစိုးတယ်ဆိုတဲ့ ဆင်ခြေတွေနဲ့ မျက်စိရှေ့ကအဖြစ်တွေကို အသင်မျက်စိမှိတ်ရှောင်လွဲခဲ့ပြီး ကိုယ့်အိမ်ကိုပဲ စောင့်နေခဲ့တယ်"

နတ်မင်းကြီးရဲ့စကားကို လူငယ်ကဟုတ်မှန်ကြောင်း အားနာပါးနာနဲ့ ခေါင်းညိတ်တယ်။

"လူတွေကို ကယ်တင်၊ ကူညီနိုင်တဲ့အခွင့်အရေးက အသင်ကိုရော၊ အသင့်မြို့ကိုပါ ဂုဏ်တက်စေနိုင်ပေမယ့် အသင်လက်ရှောင်ခဲ့တယ်။ ပြီးတော့ ဆံပင်နက်မှောင်တဲ့ မိန်းမပျိုငယ်လေးတစ်ယောက်ကို အသင်မှတ်မိသေးလား! အဲဒီကောင်မလေးက အသင့်ကို အစွဲလမ်းကြီး စွဲလမ်းစေခဲ့တယ်လေ။ သူကလွဲရင် အသင်ဘယ်သူကိုမှ မချစ်ဘူးလို့ ဆုံးဖြတ်ထားပေမယ့် အသင်ဖွင့်မပြောရဲခဲ့ဘူး။ ဖွင့်ပြောရင်လည်း အသင်ကို သူချစ်လာနိုင်မှာမဟုတ်ဘူး။ လက်ထပ်ဖို့ဆို ပိုဝေးတယ်လို့ အသင်ထင်ပြီး အငြင်းဆန်ကိုခံရမှာကြောက်တာနဲ့ အသင်ဖွင့်မပြောခဲ့ဘူးလေ။ အခွင့်ကောင်းတွေကို အသင်ဘေးကနေ တိတ်တဆိတ် အသင်ဖြတ်ကျော်စေခဲ့တာပဲ မဟုတ်လား!"

နတ်မင်းကြီးပြောသမျှကို လူငယ်က ခေါင်းတညိတ်ညိတ်နဲ့ ဝန်ခံနေခဲ့တယ်။ သူ့မျက်လုံးအိမ်မှာလည်း မျက်ရည်တွေဝဲနေခဲ့တယ်။

"သူပါပဲ.. အသင့်ဇနီးဖြစ်နိုင်သူဟာ အဲဒီကောင်မလေးပါပဲ။ ဘဝတစ်ခုကို ပျော်ရွှင်အောင် ဖန်တီးနိုင်တဲ့အခွင့်အရေး အသင်မှာရှိပေမယ့် အဲဒီအခွင့်အရေးတွေကို ခင်ဗျားလက်လွတ်ခဲ့တယ်"

ကျွန်တော်တို့ရဲ့ နေ့ရက်တွေမှာလည်း အခွင့်အရေးတွေနဲ့ လည်ပတ်နေပါတယ်။ အဲဒီအခွင့်အရေးတွေထဲမှာ အချစ်၊ အလုပ်အကိုင်၊ ရာထူး၊ စည်းစိမ်ဥစ္စာတွေ ပါနိုင်ပါတယ်။ ဒါပေမယ့် လူအများက ကြောက်တဲ့စိတ်နဲ့ ရှေ့တိုးမယ့်ခြေလှမ်းကို ရပ်တန့်လိုက်တတ်ကြပြီး အခွင့်အရေးကို လက်လွတ်လိုက်တတ်ကြတယ်။

အငြင်းဆန်ခံရမှာကိုကြောက်ပြီး လူတွေနဲ့ ကျွန်တော်တို့ မဆက်ဆံရဲခဲ့ကြဘူး။
အလှောင်ခံရမှာကိုကြောက်ပြီး လူတွေနဲ့မပြောဆိုရဲ၊ ထုတ်ဖော်မပြောရဲခဲ့ဘူး။
ဆုံးရှုံးရမှာကိုကြောက်ပြီး တစ်ပါးသူအတွက် မပေးဆပ်ရဲခဲ့ကြဘူး။
မအောင်မြင်မှာကိုကြောက်ပြီး သွားမစမ်းသပ်ရဲခဲ့ကြဘူး။

ဒီလိုနဲ့ အခွင့်အရေးတွေက ကျွန်တော်တို့အပါးကနေ တိတ်တဆိတ် ဖြတ်ကျော်သွားခဲ့ကြတယ်။

မူရင်း-- http://share.youthwant.com.tw

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

Monday, March 15, 2010

မီဇိုး ၀ါးညှပ်အက ဂင်းနစ် စံချိန်တင်

Saturday, 13 March 2010 17:29

ဇာနည်မာန်

အိန္ဒိယ-မြန်မာနယ်စပ် အိန္ဒိယအရှေ့မြောက်ပြည်နယ်တခုဖြစ်သော မီဇိုရမ်ပြည်နယ်ရှိ မီဇိုးတိုင်းရင်းသားများ၏ ရိုးရာ ကောက်ရိတ်သိမ်းပွဲတွင် ကပြသည့် ၀ါးညှပ်အကအဖွဲ့ ၆၇၁ ဖွဲ့သည် ဂင်းနစ်မှတ်တမ်းတွင် ကမ္ဘာ့အကြီးဆုံး ၀ါးညှပ်အက အဖြစ် စံချိန်တင်နိုင်ခဲ့သည်။

မီဇိုရမ်ပြည်နယ် အိုက်ဇောမြို့လယ်ရှိ ၃ ကီလိုမီတာ ရှည်လျားသော လမ်းတလျှောက်တွင် မီဇိုးရိုးရာဝတ်စုံများဖြင့် အကသမား ၁၀၇၃၆ တို့က ၇ မိနစ်ကြာမြင့်သည့် ရိုးရာသီချင်းဖြင့် ယမန်နေ့ နေ့လယ်၌ ကပြခဲ့ကြပြီး ကမ္ဘာပေါ်တွင် လူအများဆုံးပါဝင်သော၊ အရှည်လျားဆုံးသော၊ အကြီးကျယ်ဆုံးသော ၀ါးညှပ်အက အဖြစ် စာရင်းဝင်နိုင်ရန် ကြိုးပမ်း ခဲ့ကြခြင်းဖြစ်သည်။

bamboo_dance

ဂင်းနစ် စံချိန်တင်သွားသည့် ၀ါးညှပ်အက ကနေသူများ (ဓာတ်ပုံ - Guinness)

၂၀၀၉ ခုနှစ်က ဂင်းနစ်စာအုပ်တွင် မှတ်တမ်းဝင်ထားသည့် ဗီယက်နမ်နိုင်ငံမှ ၀ါးညှပ်အကတွင် ကပြသူ ၇၇၀၀ သာ ပါရှိခဲ့သည်။

မီဇိုးတို့၏ ရိုးရာအက မတိမ်ကောစေရန်နှင့် ကမ္ဘာကသိစေရန်အတွက် ဤသို့လုပ်ဆောင်ရခြင်းဖြစ်ကြောင်း မီဇိုရမ်ပြည်နယ် ၀န်ကြီးက သတင်းထောက်များကို ပြေကြားကြောင်း အိန္ဒိယ သတင်းဌာနများတွင် ဖော်ပြထားသည်။

“ဒီလို မှတ်တမ်းဝင်သွားတော့ ကျမတို့ ဒီပွဲမှာ ပါဝင်ခွင့်ရလိုက်တာကို အရမ်းဝမ်းသာမိပါတယ်”ဟု ၀ါးညှပ်အက ကသည့် မီဇိုးအမျိုးသမီးတဦးက ဧရာဝတီသို့ပြောသည်။

အဆိုပါ အကအဖွဲ့များတွင် မီဇိုရမ်ပြည်နယ်တ၀န်းမှ ကျောင်းသားလူငယ်များ၊ မီဇိုးလူမှုအဖွဲ့အစည်းများ နှင့် မီဇိုရမ် ပြည်နယ်တွင်း ရောက်ရှိနေသော မြန်မာလူမျိုးတချို့တို့လည်း တပျော်တပါး ပါဝင်ကပြကြသည်ဟု ဒေသခံများကဆိုသည်။

မီဇိုးဘာသာဖြင့် Cheraw ခေါ်သော ၀ါးညှပ်အကမှာ Chapchar Kut ခေါ် ကောက်ရိတ်သိမ်းခြင်းအထိမ်းအမှတ်နှင့် ဆောင်းရာသီကုန်ဆုံးခြင်း အထိမ်းအမှတ် ရိုးရာပွဲတော်တွင် ရိုးရာတူရိယာများဖြစ်သည့် မောင်း၊ လင်းကွင်း၊ နွားနောက် ဦးချို စသည်တို့ဖြင့် တီးမှုတ်၍ခမ်းနားစွာ ကပြလေ့ရှိသည့် ရိုးရာ အကတခုဖြစ်သည်။

ဝါးညှပ်အက ဆိုသည်မှာ အကွာအဝေးတူညီစွာ လေးကွက်ကျ စီတန်းချထားသော ၀ါးလုံးရှည်များကို စည်းချက်ကျကျ ၀ါးတလုံးနှင့်တလုံးရိုက်ခတ်သည့်ကြားတွင် ကပြသူများက အလှည့်ကျ ၀င်ထွက်ကပြရသော အကတမျိုးဖြစ်သည်။

အဆိုပါ ၀ါးညှပ်အကကို အရှေ့တောင်အာရှနိုင်ငံများဖြစ်သည့် ဗီယက်နမ်၊ မလေးရှား၊ အင်ဒိုးနီးရှား၊ ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံတို့တွင်လည်း ကွဲပြားသည့် ကပြပုံမျိုးဖြင့် မြင်တွေ့နိုင်သည်။

မြန်မာနိုင်ငံတွင်မူ ကရင်တိုင်းရင်းသားများနှင့် ချင်းတိုင်းရင်းသားတို့၏ ရိုးရာအကအဖြစ် တွေ့မြင်နိုင်သည်။

ချင်းပြည်နယ်နှင့် ထိစပ်နေသော မီဇိုရမ်ပြည်နယ်တွင် ရက်ကန်းနှင့် ကုန်သွယ်မှုများ လုပ်ကိုင်နေသော မြန်မာလူမျိုး တို့ သည်လည်း ထို ကပွဲသို့ သွားရောက်ကြည့်ရှုခဲ့ကြပြီး မြန်မာ့ရိုးရာယဉ်ကျေးမှုများကို ကမ္ဘာသိရန် ပြုလုပ်ခွင့်ရချင်သည်ဟု ဆိုကြသည်။

“သီချင်းသံနဲ့ ၀ါးရိုက်သံတွေကြားက စည်းချက်ကျကျ က နေတာကို ကြည့်ရတာ သိပ်လှတယ်။ အိုက်ဇောတမြို့လုံး တီဗီအကြီးကြီးတွေနဲ့ အဲ့ဒီ အကကို ပြနေတယ်။ ပြည်နယ်လူကြီးတွေကလည်း ဒီအတွက် အားပေးတာတွေက အားကျ စရာပဲ”ဟု မြန်မာပြည်သား ကိုထွေးက ပြောပြသည်။

သူကဆက်၍ “ကျနော်တို့နိုင်ငံမှာလည်း ဒီလိုလှတဲ့ ရိုးရာတွေ အများကြီးရှိတယ်။ သူတို့တွေ ရိုးရာယဉ်ကျေးမှုမပျောက် အောင်၊ ကိုယ့်ရိုးရာကို ကမ္ဘာက သိအောင်လုပ်တာမျိုး ကျနော်တို့တိုင်းပြည်ကလည်း အတုယူစေချင်တယ်။ လုပ်သင့် တယ်လို့ထင်တယ်။ အဲ့ဒီလိုမျိုး ကျနော်တို့လည်း ကိုယ့်မြန်မာ့ရိုးရာတွေ၊ အကတွေကို ကမ္ဘာကသိအောင်လုပ်စေချင်တယ်” ဟု ပြောဆိုသွားသည်။